2/19/2009

သူငယ်ချင်းများသို့

မင်္ဂလာပါဗျာ... အချိန်ရတုံးရခိုက် ကသမ်းကရမ်း ကျနော် မောင်ပေတိုးက
ကဗျာတစ်ပုဒ်နဲ့ သူငယ်ချင်းတွေကို တောင်းပန်ပီး နုတ်ဆက်လိုက်ပါကြောင်း။
အားလုံးသော သူငယ်ချင်းများ ကျန်းမာကြပါစေ ၊ ချမ်းသာကြပါစေ။ :)

Type rest of the post here

Read More...

ကဖေးဒီ

စိတ်ကို စိတ်နဲ့ပြန်ချိတ်
ပြန်ခေါ်လို့မရတဲ့အမှားကို
ပြန်ခေါ်တယ်...။
နေ့နဲ့ညတွေမှာ
ညတွေပဲ ငါတို့ဆီရောက်
ကိုယ့်ကိုယ်ကို ဝေဖန်ဖို့တော့
အောင်မြင်မှုတွေကို
အသုံးချကြတယ်...။
အနုပညာဆိုတာ
အနုကြမ်းမစီးဘူး
ဘော့ဒိုင်လိုင်မဆိုခဲ့တဲ့
သီးချင်းတွေက
ငါတို့အကြောင်းတွေပဲမဟုတ်လား...။
ကံဆိုတာ....
လိမ့်နေတဲ့ကျောက်တုံးပေါ်ကမီးပဲ ...။
မျှော်လင့်ခြင်းဆိုတာ
မျှော်စင်ပေါ်က မျက်လုံးဆိုပါစို့
အသဲကွဲသမားတစ်ယောက်ကတော့
သေရည်ဆိုင်ကိုထွက်သွားတယ်
ဓားကို နောက်ပြန်ပြစ်ပြီး...။ ။


Type rest of the post here

Read More...

8/16/2008

အယူခံ

ဝေးလျက်နေ
ဆွေးရက်တွေ မပြေသေးတာမို့
ကဗျာကလေးတွေရေးကာပ
ဆက်သရတယ် ။

ဆက်သစဉ်
တမင်ရည်ရွယ်မထားသော်လည်း
အမှားနော် ကိုယ်ကကျူးလေတော့
သက်မှူးပိုင် ရွှေညှာနန်းမှာဖြင့်
စိတ်ပန်းလို့ နွမ်းရပါတယ်
ဪ..ပျော်ရွှင်ဖွယ် ဆိတ်သုန်း ။

အချစ်ဆုံးရယ်
မကြင်မုန်းပယ် သွေခွာစိမ်းမယ်လား
ရင်နုန်းဖွယ် မဖြေသာစကားတွေနဲ့
အစဉ်မုန်းတယ် ဝေဒနာမထားပါနဲ့
ငဲ့ညှာဖို့ တွေးရည်ရွယ်
ကွယ်..ကြည်ဖြူပါဦး ။

ညိမ်းညို+လွမ်းစေ



Read More...

6/28/2008

သူမ

နှစ်ဆယ့်သုံးနှစ်ကြာကြံကြံခံတဲ့
ကျွန်တော်ရဲ့နောက်ဆုံး
သူမပြုံးပြုံးကြီး
သိမ်းပိုက်သွားလေတယ်...

(လွမ်းစေ)

Read More...

6/26/2008

ကမောက်ကမယုံကြည်ချက်

သတိ....မ၀င်ရ မဟုတ်ပါမျှော်လင့်ခြင်း လက်တစ်စုံကြင်နာနွေးထွေးမဲ့ လက်ဖ၀ါးနှစ်ဘက်ဓနဂုဏ်ဆန့်ကျင်ရေး နှလုံးသားမာနနဲ့လောကဓံကို ပြောင်းပြန်လှန်နားလည်မှုကို ယုံကြည်မှုနဲ့တည်ဆောက်ပြီးတော့...။

ဝင်သာ ၀င်ခဲ့ပါလေမင်းအတွက် မေတ္တာမငတ်စေရ...။

အပြတ်အသတ် ငို သွားစေရမယ်မင်းကဗျာဟိုမှာ ... ကြည့်နေတယ်နှစ်ခွကြည့်တဲ့ မျက်လုံးမျိုးရိုးနေပြီ လာမလုပ်နဲ့မင်းအတွက်ကတော့ငါ ဟာ မှန်တစ်ချပ်ပဲနောက်ကွယ်က မင်းအကျင့်ငါ မကြည့်ပဲ မြင်တယ်လေချွန်နေလိုက်မယ်´မာယာတွေ ရိုးနေပြီ´ ပါသတဲ့...။

နောက်ဆုံးတော့ မင်းညီးတွားသွားစေရမယ်လူ ဟာ လူ ပါပဲလို့...။..ယုံကြည်မှုကိုသာ ဆောင်လာပါလေဒီကြိုးကို ငါမြဲအောင်ကျစ်ပါ့မယ်...။
(လွမ်းစေ)

Read More...

6/06/2008

ဝင်္ကပါ

မင်းနှုတ်က လာတဲ့စကား
ပျားသကာလို ချိုသည်ပေါ့

မင်းမျက်ဝန်းရဲ့အကြည့်
လရောင်ချိုလို အေးမြတယ်

ကြည်လင်တဲ့ အသံ
အေးမြတဲ့ အကြည့်

ဒီအပြုံး ဒီမျက်ခုံး
အမုန်းတော့ မဖြစ်စေနဲ့ပေါ့...။

(လွမ်းစေ)

Read More...

5/10/2008

ချစ်ခြင်းများစွာဖြင့်

အချစ်ကို မသိရင်

လာပါ ...

ငါရှေ့မှာ တန်းဆီ

ဟိုးရှေးရှေးတုန်းက

အာဒမ်နဲ့ အေဝ

ဘာမှန်း မသိတဲ့

အစာကိုဖတ်(တွယ်)

ချစ်ခြင်းကို အရောင်ဆိုးခဲ့ကြတယ်...။

အခု ခေတ်

ကျနော်နဲ့ ကောင်မလေး

ရိုးရိုးလေးပါပဲ

ပန်သီးလည်း မစားချင်

အချစ်ငတ်တဲ့ အချိန်သာ

သူ့ရင်ခွင်ထက်

ခိုလှုံခွင့် ရ,ပါရစေ...။


Read More...

5/01/2008

ပန်းဆက်တဲ့ ဗျတ္တ




တစ်ကယ်တော့ ငါ က

ရေပေါ် အရုပ်ရေးမိခဲ့တာလား

မနက်ဖြန်တွေကို မျှော်လင့်ရင်း

ရူးနေသူ တစ်ယောက်သက်သက်လားဆိုတာ

ဘယ်အတွေးခေါ်ပညာရှင်ကမှ မသက်မှတ်ခဲ့ပါဘူးလေ

လမင်းသာသာကိုမှ ပန်းအဖြစ်ပန်ချင်သူအတွက်

ငါ .. . က ကြယ်တစ်ပွင့်လောက်တောင် အဖြစ်မရှိခဲ့ပါဘူး

ဒါပေမဲ့ ....

ငါ့ အသည်းကို ကတ္တီပါ ထုပ်

ပန်းဆက်ဖို့တော့ အသင့်ရှိသူပါ ... ။

Read More...

4/26/2008

နွေအိမ်မက်

မှောင်လိုက်တဲ့ည

မဲလိုက်တဲ့ မဟူရောင်ကောင်းကင်

တောင်လေကလည်း

အထီးကျန်ဆန်လိုက်ပုံ

ဟေ့… ဖိုးလမင်း

အားရင် ခဏလောက်

နွေပူညက

လေပူတွေ တိုက်လွန်းလို့

မရှိတဲ့ ချစ်သူက

အလွမ်းတွေပေးခဲ့တာများ…

ငါ့…. မှာ

တစ်ထောင့်တစ်ည

ပုံပြင်တစ်ပုဒ်ထဲက

ဂြိုလ်ဆိုးတစ်ကောင်လို

ကိုယ့်ဝိဥာဉ်ကို ပြန်လန့်

ခပ်ညံ့ညံ့ ဆေးပြင်းတိုနဲ့

ငါ့ခန္ဓာကိုယ်(ကို)

အငွေ့ပြန်နေပုံများ

လင်းဆွဲတစ်ကောင်လို

ကမ္ဘာကြီးကို

ပြောင်းပြန်လှန်ကြည့်လိုက်မိတယ်

ငါ မှားနေလားလို့ပေါ့

ပြီးတော့ …..

ငါ ခပ်တိုးတိုးလေး

ညည်းဆိုလိုက်တယ်

ခြောက်ခြာလွန်းတဲ့ ‘ည’ ပါလားလို့ ။




Read More...

4/22/2008

တစ်စက္ကန့် ဘယ်နှစ်ကြိမ် … ?

ချပ် … ဆိုတဲ့

တဒင်္ဂအတွင်းမှာ

ကျုပ် ရင်ဘက်ထဲက

နှလုံးသားက

ဘယ်နှစ်ကြိမ်မှန်း မသိအောင်

တုန်ခါသွားတယ်…. ။


‘မောင်မောင်’ ခေါ်တိုင်း

‘ဗျာ’ ထူးရမယ်ဆိုရင်

ကျုပ် ရင်ခုန်သံကို

ကျုပ်…

သဝန်တိုမိမှာ အမှန်ပဲ

ရေတွက်လို့ မရ့

အကြမ်ပေါင်းများစွာနဲ့

အော်သံက

တစ် ဒုတ် ဒုတ် …. ။



Read More...